ဈေးကွက်ဈေးနှုန်း

တစ်ပတ်အတွင်း မတ်ပဲဈေးနှုန်း (၁.၁၀.၂၀၂၀ မှ ၇.၁၀.၂၀၂၀)

Last Updated:

ဧရာဝတီတိုင်းဒေသကြီးအတွင်းမတ်ပဲဈေးနှုန်းသည် ယခင်သီတင်းပတ်ကာလတွင် တစ်တင်း လျှင် ကျပ် ၃၆၀၀၀ ဝန်းကျင်ရှိခဲ့ပြီး ဈေးအတက်အကျများစွာမရှိပဲတည်ငြိမ်နေခဲ့သည်။ စက်တင်ဘာ လ ၃၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံ DGFT က မတ်ပဲတန်ချိန် တစ်သိန်းခွဲကို ၃၁.၃.၂၀၂၁ ရက်နေ့ထိ နောက်ဆုံးထားတင်သွင်းခွင့်ပြုလိုက် သောကြောင့် အောက်တိုဘာလ ၁ ရက်နေ့တွင် မြန်မာ မတ်ပဲ ဈေးနှုန်းသိသာစွာတက်လာသည်။ အောက်တိုဘာလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် မတ်ပဲတစ်တင်း လျှင် ကျပ် ၃၇၆၀၀ - ၃၈၀၀၀ ၊ အောက်တိုဘာလ ၃ ရက်နေ့တွင် ကျပ် ၃၇၁၀၀ မှ ၃၇၄၀၀ ဖြင့် လည်းကောင်း၊ ၄ ရက်နေ့တွင် ကျပ် ၃၇၈၀၀ ဖြင့်လည်းကောင်း၊ ၅ ရက်နေ့တွင် ကျပ် ၃၈၆၀၀ ဖြင့် လည်းကောင်း၊ ၆ ရက်နေ့တွင် ကျပ် ၃၈၈၀၀ မှ ၃၉၂၀၀ ဖြင့်လည်းကောင်း၊ ၇ ရက်နေ့တွင် ကျပ် ၃၈၈၀၀ မှ ၃၉၀၀၀ ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးရှိခဲ့ပါသည်။ ယခင်သီတင်းပတ်ကာလနှင့် နှိုင်းယှဉ်လျှင် ကျပ် ၃၀၀၀ ဝန်းကျင်ဈေးတက်လာသည်။ ဧရာဝတီတိုင်းတွင်းရှိ မတ်ပဲစိုက်ပျိုးသော ဒေသအသီးသီးတွင် ပေါက်ဈေးရာဂဏန်းမျှ အနည်းအများကွာခြားချက်ရှိသော်လည်း ကုန်သည် အများစုမှာ မတ်ပဲဈေးဆက်လက်တက်လာရန် မျှော်လင့်လျှက်ရှိကြသည်။

ယခုနှစ်အိန္ဒိယနိုင်ငံ၏မတ်ပဲအထွက်နှုန်းကို တန်ချိန် ၂၁ သိန်းလျာထားခဲ့သော်လည်း မိုးများ ပြီးသီးနှံပျက်စီးမှု များဖြစ်ပေါ်ခဲ့သောကြောင့် အထွက်နှုန်း ၁၃ သိန်းသာရှိခဲ့သည်။ ထို့ကြောင့် ပဲ တင်သွင်းခွင့်မူဝါဒအရ ပြည်တွင်းပဲဈေးနှုန်း ကျဆင်းသွားဖွယ်ရာရှိသော်လည်း ပဲထွက်နှုန်းကျဆင်း ခဲ့သဖြင့် လာမည့်နှစ် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလအထိ ပဲဈေးနှုန်းများစွာကျဆင်း သွားဖွယ်ရာ မရှိဟု အိန္ဒိယကုန်သည်အများစုကခန့်မှန်းကြောင်း သိရှိရသည်။

 

ဧရာကုန်သွယ်မှုဗဟိုဌာန